Piano Lesson
ဒီရုပ်ရှင်ဟာ August Wilson ရဲ့ ပြူလစ်ဇာဆုရှင် ပြဇာတ်ကို အခြေခံထားပြီး ဒါရိုက်တာ Malcolm Washington ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းကို ၁၉၃၆ ခုနှစ်၊ ပစ်စဘတ်ဂ်မြို့ မှာ ဇာတ်အိမ်တည်ထားပါတယ်။ Samuel L. Jackson နဲ့ John David Washington တို့ ပါဝင်ထားကြပြီး မိသားစုအမွေအနှစ်အဖြစ် တန်ဖိုးကြီးမားတဲ့ စန္ဒယားတစ်လုံးနဲ့ပတ်သက်ပြီး မောင်နှမနှစ်ယောက်ကြားက ပေါ်ပေါက်လာတဲ့ ပဋိပက္ခ ကို ပုံဖော်ထားပါတယ်။
ဒီစန္ဒယားဟာ သူတို့မိသားစုရဲ့ သမိုင်းကြောင်းနဲ့ ဘိုးဘွားဘီဘင်တို့ရဲ့ နာကျင်ဖွယ် အတိတ်တွေကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ မောင်ဖြစ်သူက စန္ဒယားကို ရောင်းပြီး မြေဝယ်ဖို့ ကြိုးစားနေချိန်မှာ အစ်မဖြစ်သူကတော့ အဲဒီအတိတ်ကို လက်လွှတ်မခံနိုင်တာကြောင့် စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
